မတရား ကျူးလွန်ခံရသူ အမျိုးသမီးများအမှု အလေးထားဆောင်ရွက်ပေးရန် SWAN တိုက်တွန်း

Posted in In The News

လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူ သက်မပြည့်သေးသည့် သျှမ်းအမျိုးသမီးအမှု ဆောလျင်စွာဆောင်ရွက်ပေးရန် တိုက်တွန်း ချက်ပါရှိသည့်ကြေငြာချက်တစောင်ကို သျှမ်းအမျိုးသမီးရေးရာ လှုပ်ရှား ဆောင်ရွက်ရေးအသင်း SWAN က ကြေငြာချက်တစောင် ထုတ်ပြန်လိုက်သည် ။

မတရားကျင့်ခံရသည့် ရှမ်းမိန်းကလေး ပြန်လည်စွဲချက်တင်ခံရဟု ဆို

Posted in In The News

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်က အဓမ္မပြုကျင့်မှုတခုမှာ ကျူးလွန်သူက အရေးယူမခံရဘဲ ကာယကံရှင်မိန်းကလေသာ ပြန်ပြီး စွဲချက်တင်ခံခဲ့ရပါတယ်လို့ ရှမ်းအမျိုးသမီးရေးရာအဖွဲ့က ပြောပါတယ်။

အကြမ်းဖက်မှုဖြင့်ရင်ဆိုင်နေရသည် အမျိုးသမီးများအတွက် တရားမျှတမှုရှိစေရန် အစိုးရကိုတိုက်တွန်း

Posted in In The News

ချင်းမိုင်၊ ဧပြီ၂၇ ။ ။ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများနှင့် ရင်ဆိုင်နေရသော အမျိုးသမီးများနှင့် မိန်းကလေးငယ်များ တရားမျှတမှု ရရှိရေး အတွက် အစိုးရသစ်အနေဖြင့် တရားဥပဒေ မိုးမိုးရေးကို ပြန်လည် တည်ဆောက်ပါရန် SWAN က ဧပြီ ၂၇ ရက်က တိုက်တွန်းလိုက်သည်။

နှစ်နှစ်ကျော်ကြာ တရားစွဲဆိုခဲ့သော်လည်း ယနေ့ထိ အမှု စစ်ဆေးပေးခြင်း မရှိဘဲ ပြန်အမှုဖွင့်ခံထားရသည့် ရှမ်းအမျိုးသမီး၏ တောင်းဆိုမှုကြောင့် ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN)က ကြေငြာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

မတရားကျင့်ခံရသူ ရှမ်းမိန်းကလေးတစ်ဦး ပြန်လည်စွဲချက်တင်ခံရဟု ရှမ်းအမျိုးသမီးရေးရာအဖွဲ့က ကြေညာချက်ထုတ်ပြန်

Posted in In The News

ရှမ်းပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့်မှုတစ်ရပ်တွင် ကျူးလွန်သူမှာ အရေးယူခံရခြင်းမရှိဘဲ ကျူးလွန်ခံရသည့်မိန်းကလေးငယ်သာ ပြန်လည်စွဲချက်တင်ခံနေရကြောင်း ရှမ်းအမျိုးသမီးရေးရာအဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။

AWID မှ ပေးပို့သော သ၀ဏ်လွှာ

Posted in In The News

သို့/
ရှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်းအဖွဲ့ဝင် ညီအစ်မများ

ကျမတို့ AWID မှနေ၍ ၁၃ နှစ်တိတိဖွဲ့စည်း တည်ဆောက်လာခဲ့သော “အဖွဲ့”ကိုအရမ်းဂုဏ်ယူလေးမိပါတယ်။ အဖွဲ့အစည်းမှလုပ်ဆောင်နေသောလုပ်ငန်းများအားလုံးသည်အမျိုးသမီးအခွင့်အရေးအတွက်လှုပ်ရှားဆောင်ရွက်ပေးနေ သောအဖွဲ့များအတွက်ပံ့ပိုးပေးသောအားအင်တခုဖြစ်ပြီးအသိုင်းအဝိုင်းအကြားနှင့်မြန်မာနိုင်ငံနိုင်ငံရေးအပိုင်းအထိပါငြိမ်း ချမ်းရေးနှင့်ကျားမတန်းတူရေးအတွက်အားပေးထောက်ပံ့ပေးသောလုပ်ဆောင်ချက်များဖြစ်သည်။ သင်တို့လိုစိတ်အား၊ဇွဲနှင့်အရည်အချင်းများဖြင့်ကျမတို့ရှေ့ဆက်အခက်အခဲများအကြား ဆက်လက်တိုက်ပွဲဝင်ရန်အတွက် အားကိုးမှုနှင့်အားပေးမှုများ ဖြစ်ပွားစေပါတယ်။

ကျမတို့ကိုတမြေတည်းနေတရေတည်းသောက်ကြတဲ့ညီအစ်မများအဖြစ်သတ်မှတ်ပြီး သင့်နိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးနှင့်လူ့အခွင့်အရေးများအတွက်အတူလက်တွဲပြီး တိုက်ပွဲဝင်ကြပါစို့။ ကျမတို့အနေဖြင့်ပျော်ရွှင်ဝမ်း မြောက်စွာဂုဏ်ယူပြီး ၁၃ နှစ်မြှောက်အခမ်းအနားပွဲကိုချီးကျူးပေးလိုက်ပါတယ်။

နွေးထွေးစွာဖြင့်
Lydia Alpizar and the AWID Team