ထိုင်းနိုင်ငံနှင့် ရှမ်းပြည်နယ်စပ်တွင် ဒုက္ခသည်စခန်းများ တည်ထောင်ခွင့်မရှိခြင်းကြောင့် ၁၉၉၆ ခုနှစ်မှစ၍ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးလာခဲ့ကြရသူ ရှမ်းဒုက္ခသည် (၂) သိန်းကျော်မှာတရား မ၀င်ရွှေ့ပြောင်း လုပ်သားများ အဖြစ်သာ ရှင်သန်အသက်မွေး ၀မ်းကျောင်း နေကြရပါသည်။ သူတို့ နေထိုင် နေကြရသည့် အခြေအနေသည် တရားဝင် မဟုတ်သောကြောင့် ခေါင်းပုံဖြတ် အမြတ်ထုတ်ခံကြရပြီး နစ်နာဖွယ် အကြောင်းများ အထူးရှိနေပါသည်။ အထူးသဖြင့် မိန်းမပျိုများနှင့် အမျိုးသမီးများ အတွက် အန္တရာယ်ပိုများ ပါသည်။ ၁၉၉၉ခုနှစ်တွင် SWAN ကို စတင်ထူထောင်ပြီး နောက်ပိုင်းတွင် ရှမ်းဒုက္ခသည် မိန်းမပျိုများ၊ အမျိုးသမီးများသည် သူတို့တွေ့ကြုံနေရသည့် အကျပ်အတည်းများ၊ ဒုက္ခများကို ကူညီဖြေရှင်းပေးရန်အတွက် တောင်းခံမှုများများပြားစွာ ရရှိခဲ့ပါသည်။
ဤသို့ တောင်းဆိုလာမှုကြောင့် မြန်မာနိုင်ငံပြည်သူများအတွက် ဖောင်ဒေးရှင်း (Foundation for the People of Burma) အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၀၁ ခုနှစ်တွင်၊ SWAN သည် "အကျပ်အတည်းတွေ့၊ ဒုက္ခရောက်နေသည့် အမျိုးသမီးများအတွက် ပံ့ပိုးကူညီရေးဌာန" Women's Crisis Support Centre (WCSC) ကို ချင်းမိုင်မြို့တွင် စတင်တည် ထောင်ခဲ့ ပါသည်။ ၂၀၀၃ ခုနှစ် နောက်ပိုင်းတွင် ဖန်ခရိုင် (Fang district) အတွင်း၌လည်း အလားတူဌာနတခုကို ဖွင့်လှစ်ခဲ့ပါသည်။ ဤသို့ဒုက္ခတွေ့ လာသူများကို အကူအညီပေးရေး ဌာနများက နယ်စပ်ဒေသများ၊ ချင်းမိုင်နှင့် ထိုင်းနိုင်ငံ၏အခြားသော ဒေသများမှ အမျိုးသမီး များကို အကူအညီပေးခဲ့ပါသည်။ ဤ လုပ်ငန်းစဉ်အရ စားနပ်ရိက္ခာများ၊ အ၀တ်အထည်များ၊ နေထိုင်ခိုလှုံရာနှင့် ကျန်းမာရေး၊ ဥပဒေကြောင်းအရပံ့ပိုးကူညီမှုများပေးခဲ့ပါ သည်။ (တခါတရံ အခြားဝန်ဆောင်မှု ပေးနေကြသည့် အဲန်ဂျီအို အဖွဲ့အစည်းများနှင့် လည်းပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။) နှစ်သိမ့်ဆွေးနွေး အားပေးမှု များလည်း လုပ်ဆောင်ခဲ့ပါသည်။ ခိုလှုံရာ နေအိမ်များတွင် နေထိုင်ကြသူအမျိုးသမီးများကို အခြေခံ စာတတ်မြောက်စေရေးနှင့် လက်မှု ပညာသင်တန်းများကိုလည်း စီစဉ်ပေးခဲ့ပါသည်။
SWAN သည် ထိုင်းနိုင်ငံနှင့် ရှမ်းပြည်နယ် နယ်စပ်တလျှောက်ရှိ ဒုက္ခသည်အစုများတွင် ဆွေးနွေးပွဲ သင်တန်းများလည်း စီစဉ်ခဲ့ပြီး၊ လိင်ကွဲပြားမှုဆိုင်ရာအကြောင်း၊ အမျိုးသမီး များအပေါ် အကြမ်းဖက်မှုနှင့် အခြေခံနှစ်သိမ့်ဆွေးနွေးခြင်းသင်တန်းများကို ဆွေးနွေး နိုင်ခဲ့ပါသည်။ ဤသို့ဆောင်ရွက်ခြင်းအားဖြင့် သူတို့၏ ရပ်ရွာများတွင် အကြမ်းဖက်ခံရမှု တွေ့ကြုံလာခဲ့ကြရသည့် ကာကယံရှင် အမျိုးသမီးများကို ဒေသခံ အမျိုးသမီးများက တိုက်ရိုက် အကူအညီပေးနိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်ပါသည်။ ထိုမျှမက အမျိုးသမီး များအပေါ် အကြမ်းဖက်ခြင်းနှင့် ပတ်သက်၍ အချင်းချင်း တိုက်ရိုက်အကြံပေး နိုင်မည်ဖြစ်ပါသည်။ ၎င်းအမျိုးသမီးများကို အရည်အသွေးမြှင့်တင်ပေးခြင်း၊ တည်ရှိ နေပြီးသော ကွန်ရက်များနှင့်ဆက်စပ်၍ ပံ့ပိုးမှုရရှိစေခြင်းဖြင့် သူတို့နေထိုင်ရာ ဒေသ အတွင်း အကြမ်းဖက်မှုနှင့် လိင်မှုဆိုင်ရာ စော်ကားခြင်းတို့ကြောင့် အကျပ်အတည်း၊ ဘေးဒုက္ခတွေ့ ရသူများကို မိမိတို့ကိုယ်တိုင် ကူညီပံ့ပိုးနိုင်သည့်စနစ် ယန္တရားတခု ဖြစ်ပေါ် စေအောင်လည်း ရည်ရွယ်ရင်းဖြစ်ပါသည်။
|