Thursday, May 17, 2012







 

 

 
 

ဆက်လက်ဖြစ်ပွားနေသောပြည်တွင်းစစ်နှင့်အတူ ရှမ်းပြည်နယ်အတွင်းတွင် ဆက်လက်၍ လူ့အခွင့် အရေး ချိုးဖောက်ဖိနှိပ်နေမှုကြောင့် ထိုင်းနိုင်ငံတွင်းသို့ ဒုက္ခသည်များဆက်လက်ထွက်ပြေး နေကြ ရပါသည်။ ယခုအခါအရေအတွက်မှာ သိန်းနှင့်ချီ၍ ရှိနေပြီဟု ခန့်မှန်းနိုင်ပါသည်။

ဒုက္ခသည်များ၏ ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆီးပေးနိုင်ရန်အတွက်၊ SWAN က ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဌာနမှ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်၍ ၁၉၉၉ခုနှစ်တွင် ကျေးလက် ကျန်းမာရေးဌာနတခုကို တည်ထောင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ၎င်းကျန်းမာရေးဌာနတွင်လူထုကျန်းမာ ရေး လုပ်သားများနှင့် ကျန်းမာရေးပညာပေးသူများအဖြစ် လေ့ကျင့်ပေးထားသည့် ရှမ်းအမျိုးသမီး ၇ ဦးက တာဝန်ယူဆောင်ရွက်နေပါသည်။ ၂၀၀၄ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစ၍ ထိုင်းနိုင်ငံနှင့် ရှမ်းပြည်နယ် နယ်စပ် အနီးတွင် SWAN မှနောက်ထပ် ကျန်းမာရေးဌာနတခုကိုလည်း ထပ်မံဖွင့်လှစ်နိုင်ခဲ့ပါသည်။ ၎င်းဌာနမှာ ရှမ်းပြည်နယ်အတွင်း ဝေးလံခေါင်သီသောအရပ်များ၌ အခြေမဲ့ ထွက်ပြေးနေကြရသည့် ပြည်တွင်း ဒုက္ခသည်များ (IDPs) အတွက် ရည်ရွယ်ခြင်းဖြစ်ပါသည်။

ဤ ကျန်းမာရေးဌာနများ၏ အကျိုးတခုမှာ ဆေးလာရောက်ကုသမှုခံယူသူများကို ကျန်းမာရေး ပညာပေး နိုင်ခြင်း ပင်ဖြစ်ပါသည်။ SWAN နှင့်အခြားဌာနများက ထုတ်ဝေသည့်ကိုယ်ခံအားကျ ရောဂါ (HIV/ AIDS) ပညာပေးတိပ်ခွေများ၊ လက်ကမ်းစာစောင်များကို ဤနည်းဖြင့်ဆက်လက် ဖြန့်ဖြူးနိုင်ပါသည်။

ကိုယ်ခံအားကျရောဂါ (HIV/ AIDS) ပျံ့နှံ့ကူးစက်မှု အနေအထားမှာ စိုးရိမ်ဖွယ်ရှိနေပါသည်။ SWAN ၏ ၀န်ထမ်းများသည် ထိုင်းနိုင်ငံမှ ကိုယ်ခံအားကျရောဂါ (HIV/ AIDS) ဆိုင်ရာပညာပေး စေတနာ့ ၀န်ထမ်းများနှင့် ပူးတွဲ၍ ကျန်းမာရေးဆိုင်ရာဆွေးနွေးပွဲသင်တန်းများ ပုံမှန်ဆိုသလို စီစဉ် နိုင်ခဲ့ပါသည်။ အထူးသဖြင့် ကိုယ်ခံအား ကျရောဂါနှင့် ပတ်သက်၍၊ မိသားစုစီမံကိန်းချခြင်း၊ မူးယစ် ဆေးဝါးနှင့် ထိုင်းနိုင်ငံ၏ ဥပဒေများအကြောင်းစသဖြင့် အခြေခံသိရှိနိုင်အောင် ပညာပေးရန်ဖြစ်ပါ သည်။ ဤ သင်တန်းများတွင် ရွှေ့ပြောင်းနေထိုင်နေကြရသည့် ရှမ်းပြည်သူများကိုရည်ရွယ် ဆောင် ရွက်ခြင်း ဖြစ်ပြီး၊ အထူးသဖြင့် အသစ် ရောက်ရှိလာသူ ဒုက္ခသည်များကို ဦးတည်ချက်ထားပါသည်။ ဤဆွေးနွေးပွဲများ အလွန်အောင်မြင်သည်ဟု ဆိုရပါလိမ့်မည်။ လူအများက သူတို့၏ကိုယ်ခံအားကျ ရောဂါ ခံစားနေရပုံနှင့် လိုအပ်ချက်များကို SWAN ထံသို့ ပို၍ ပွင့်ပွင့်လင်းလင်းဖော်ပြပြောဆိုလာ ကြပါသည်။

SWAN က ကွင်းဆင်းအကူအညီပေးသည့်အစီအစဉ်တခုကိုလည်း ဆောင်ရွက်နေပါသည်။ ဤအစီ အစဉ် တွင် ကိုယ်ခံအားကျရောဂါ ခံစားနေရသော်လည်း ထိုင်းနိုင်ငံရှိ ကျန်းမာရေးဌာနများသို့ လာ ရောက်ကုသမှု မခံနိုင်သူ ရှမ်းဒုက္ခသည်များအတွက် ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။ ဤအစီအစဉ် တွင် နှစ်သိမ့်ဆွေးနွေး အကြံပေးခြင်း၊ အရေးပေါ်ဆေးကုသပေးမှုများနှင့် လိုအပ်ပါက ကလေးများ အတွက် နို့မှုန့်များ ထောက်ပံ့မှုပြုလုပ်ပေးပါသည်။

အမျိုးသမီးများ ကြုံတွေ့နေရသည့်အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက်၊ SWAN အသင်းဝင် များက လွန်ခဲ့သည့်နှစ်များအတွင်း ဒေသခံအမျိုးသမီးများကို လိင်ကွဲပြားမှု ဆိုင်ရာ အကြောင်း များနှင့် အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲသင်တန်းများ ပြုလုပ်ခဲ့ ကြပါ သည်။ ထို့အပြင် ထပ်မံကူညီပေးနိုင်ရန် အဆင်းရဲဆုံးနေရာများသို့ ကျန်းမာရေးနယ်လှည့် အစီ အစဉ်များ ဆောင်ရွက်ပေးခဲ့ပါသည်။ မိခင်နှင့်ကလေးကျန်းမာရေးကိစ္စများ၊မျိုးပွားမှုကျန်းမာရေး ဆိုင်ရာ ကိစ္စများ ကို ကူညီထောက်ပံ့ ပေးခဲ့ပါသည်။

   
Copyright © Shan Women's Action Network (SWAN). All Rights Reserved.