Saturday, February 04, 2012







 

 

 
 

 

သတင်းထုတ်ပြန်ကြေညာချက်
၂၀၁၁ သြဂုတ်လ ၁၀ ရက်နေ့

ရှမ်းပြည်မြောက်ပိုင်းအတွင်း မြန်မာအစိုးရစစ်တပ်တိုက်ခိုက်မူကြောင့် အိုးအိမ်မဲ့ပြည်သူ ၃၀,၀၀၀ ကျော် လူသားချင်းအကူအညီမရ

 

Summary of fighting: Update of fighting incidents in Northern Shan State

Summary of Human Rights abuses:Update summary of Human Rights Abuses in NorthernShan State

Number of IDPs during Burma Army offensive in Northern Shan State


သတင်းထုတ်ပြန်ကြေညာချက်
၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့

မြန်မာစစ်တပ်မှ ရှမ်းပြည်မြောက်ပိုင်းဒေသ စစ်ဆင်ရေးတွင် မုဒိမ်းမှုများ ကျုးလွန်ခွင့်ပြုထားခြင်း

 

  မြေပုံ

သတင်းထုတ်ပြန်ချက်

၂၀၁၁ ခုနှစ် ဧပြီလ ၁၁ ရက်နေ့
ရှမ်းလူမှုအသိုင်းအ၀ိုင်း အခြေပြု အဖွဲ့အစည်းများ၏ စုပေါင်း သတင်းထုတ်ပြန်ကြေညာချက်

 

မြန်မာစစ်အစိုးရက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား ချိုးဖေါက်၍ ရှမ်းပြည်မြေက်ပိုင်း ဒေသအတွင်း ပြည်သူလူထုအပေါ် ဖိနှိပ်ရက်စက် ညဉ်းပမ်းသတ်ဖြတ်ကာ စစ်ရာဇ၀တ်မှုများ ကျယ်ပြန့်စွာ ကျူးလွန်နေခြင်းအပေါ် ရှမ်းလူမှုအသိုင်းအ၀ိုင်း အခြေပြု အဖွဲ့အစည်းများမှ ကန့်ကွက်ရှုံချလိုက်ခြင်း

မြန်မာစစ်အစိုးနှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အကြား ဖြစ်ပွါးခဲ့သော တိုက်ပွဲများစာရင်း အခြေပြ ဇယား
(၂၀၁၁ ခုနှစ် မတ်လ ၁၃ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့ ကာလအပိုင်းအခြား အတွင်း)


၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့-သတင်းထုတ်ပြန်ချက်

တရုတ်နိုင်ငံ၌ အသစ်ဆောက်လိုက်သောရေကာတာကြောင့် မြန်မာနိုင်ငံဖက်ခြမ်း အဓိကနယ်စပ်ဖြတ်ကျော် ရေကြောင်း ကုန်သွယ်ရေးအား ထိခိုက်နစ်နာစေခြင်း

မြင့်တချီ ခန်းတလှည့်
တရုတ်နိုင်ငံ လောင်ဂျန်းဆည်၏ နယ်ခြားဖြတ်ကျော် သက်ရောက်ရိုက်ခတ်မှုများ (အစီရင်ခံစာ)

 



၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့-သတင်းထုတ်ပြန်ချက်

- ရှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN မှ ရှမ်းပြည်အလယ်ပိုင်း ဒေသတွင်း စစ်အစိုးရ၏ စစ်ဆင်မှု နှင့် မုဒိမ်းကျင့်မှုအား ရှုတ်ချခြင်း။


၂ဝဝ၁ အောက်တိုဘာလ ၁၇ ရက်

ရှမ်းလူမှုအသိုင်းအဝိုင်းအခြေပြုအဖွဲ့များ၏ သတင်းထုတ်ပြန်ချက်
ရှမ်းအနုပညာရှင်များက ၂ဝ၁ဝ အတုအယောင်ရွေးကောက်ပွဲအား ဖွင့်ချတိုက်ခိုက်လိုက်ခြင်း


၂၀၁၀ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့-သတင်းထုတ်ပြန်ချက်

- ရှမ်းပြည်အရှေ့ပိုင်းသို့ ချိတ်ဆက်မည့် မီးရထားလမ်းအသစ်က ပြင်းထန်သော စစ်ပွဲကြီး ဖြစ်တော့မည်ကို ပြသနေခြင်း

ရှမ်းပြည်နယ်တလွှား မြန်မာစစ်တပ် ထိုးဖောက်နေသည့် မီးရထားလမ်းများ

 


တားမြစ်ထားသော မြင်ကွင်းများ


ဤခရီးသွားလမ်းညွန်မှ ကမ္ဘာလှည့်ခရီးသည်များအား ရှမ်းပြည်၏ အခြား ရှုထောင့်အမြင်မှ ကြည့်နိုင်သော ပုံရိပ်များကို တင်ပြထားပြီး စစ်အစိုးရ အဆက်ဆက် ရှမ်းပြည်၏ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်း ဆိုင်ရာ နေရာများ၊ အဆောက်အဦများအား တမင် လစ်လျုရှုခြင်း၊ မပျက်ပျက် အောင် ဖျက်ဆီးခြင်း၊ မူရင်းများကို ပယ်ဖျက်ကာ အသစ်ပြန် တီထွင် နေပုံများကို ရုပ်ပုံကားချပ် အစုံအလင်ဖြင့် ဖော်ထုတ်တင်ပြထားသည်။

 

 

၁၀ နှစ်တာခရီး ၂၀၀၉ ခုနှစ် မတ်လ

ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) တည်ထောင်ခဲ့သည့် ဆယ်နှစ်မြောက် အထိမ်းအမှတ် စာစောင်


SWAN အသင်း ၏ ပညာရေး လုပ်ငန်းစဉ်အတွက် ရံပုံငွေအတွက် ရှမ်းပြည်နယ်မှ စက္ကူ အရုပ်ကလေးများ


ဒိန်းနစ် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ (DANIDA) နှင့် ဒိန်းမတ်-မြန်မာ ကော်မီတီ (DBC) တို့နှင့် ပူးပေါင်း ဆောင်ရွက်၍ SWAN က ဖြတ်၍ ခေါက်ချိုးနိုင်သော အရုပ်ငယ်များ ပါဝင်သည့် စာအုပ်တအုပ်ကို ထုတ်ဝေဖြန့်ချီ ခဲ့ပါသည်။ ဤရုပ်ပုံ စာအုပ်တွင် ရှမ်းပြည်နယ် အတွင်း နေထိုင်ကြသည့် လူမျိုး အသီးသီး၏ ရိုးရာဝတ်စုံ များကိုဖော်ပြထားပါသည်။ ဤစာအုပ်ကို နိုင်ငံတကာ တွင် SWAN ၏ ပညာရေး လုပ်ငန်းစဉ် ရံပုံငွေအတွက် ရောင်းချပါသည်။ ဤစာ အုပ်နှင့် ပတ်သက်၍ အချက်အလက်များ ပိုမိုသိရှိ၊ ၀ယ်ယူလိုပါလျှင် SWAN သို့ ဆက်သွယ်နိုင်ပါသည်။

ဆက်သွယ်ရန် အီး-မေးလ် မှာ paperdolls@shanwomen.org ဖြစ်ပါသည်။

ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း၏ နောက်ခံ အကြောင်း အကျဉ်းချုပ်

SWAN အသင်းသည် ထိုင်းနိုင်ငံတွင်းနှင့် ရှမ်းပြည်တွင်း လှုပ်ရှားဆောင်ရွက်နေသည့် ရှမ်းအမျိုးသမီးများ၏ ကွန်ရက်အ ဖွဲ့ဖြစ်ပါသည်။ အသင်း၏ အဓိကဦးတည်ချက်မှာ မြန်မာနိုင်ငံတွင်း နိုင်ငံရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှု များဖြစ် ပေါ် စေရေး လှုပ်ရှားမှုကြီး၌ မိမိတို့ ရပ်ရွာအသိုင်းအ၀ိုင်းကို အခြေပြုသည့် အရေးယူ ဆောင်ရွက်ချက်များ သုတေသန လုပ်ငန်းများနှင့် စည်းရုံးလှုံ့ဆော်မှုများကို လှုပ်ရားဆောင်ရွက်ခြင်း အားဖြင့် ရှမ်းအမျိုးသမီးများ ကျား-မ တန်းတညီ မျှရေးနှင့် တရားမျှတမှုများ ခံစားရ ရှိ လာစေရန်ဖြစ်သည်။

မိမိအသင်းသည် မြန်မာနိုင်ငံမှ တိုင်းရင်းသူအမျိုးသမီးအဖွဲ့အစည်း (၁၃) ဖွဲ့ ပါဝင် ဖွဲ့စည်းထားသော အမျိးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကိုစတင် တည်ထောင်ခဲ့ကြသည့် အဖွဲ့များအနက်မှ တဖွဲ့ဖြစ်သည်။ မိမိတို့သည် အခြားချိတ် ဆက်လှုပ်ရှားနေသော အမျိုးသမီးအဖွဲ့များနှင့်လက်တွဲ၍ မြန့်မာနိုင်ငံဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး လှုပ်ရှား မှုကြီးတွင် အမျိုးသမီး၏ အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ရန်အတွက် ဆောင်ရွက်နေပါသည်။


မှတ်ချက်။ ။ ဤအမှတ်အသား ပြထားသည်များမှာ PDF ဖိုင်များဖြစ်ပါသည်။ ဤဖိုင်များကို ဖတ်ရှုနိုင်ရန် Acrobat Reader Program ကို ထည့်သွင်းရမည်ဖြစ်ပါသည်။ Acrobat Reader Program ကို ဤနေရာတွင် click here အခမဲ့ ရယူနိုင်ပါသည်။

     
Copyright © Shan Women's Action Network (SWAN). All Rights Reserved.