၁။ ပညာရေး လုပ်ငန်းစဉ်
• ထိုင်း-ရှမ်းပြည်နယ်စပ်ရှိ ရပ်ရွာလူထုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်၍ အခြေခံ ပညာမူလ တန်းနှင့် အလယ်တန်းကျောင်း (၉) ကျောင်းနှင့် နေ့ကလေး ထိန်းကျောင်း (၇) ကျောင်း၊ စုစုပေါင်း ကျောင်း (၁၆) ကျောင်း ဖွင့်လှစ်၍ သင်ကြားပေးခြင်း။
• ရှမ်းဘာသာဖြင့် ကျောင်းသုံးစာအုပ်များဖြန့်ဝေပေးခြင်း။
• ဆရာ၊ ဆရာမများအတွက် နှစ်စဉ် စွမ်းရည်မြှင့်တင်ရေး သင်တန်းများနှင့် တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပေးခြင်း။
၂။ ကျန်းမာရေး လုပ်ငန်းစဉ်
• ထိုင်း- ရှမ်းပြည် နယ်စပ်တွင် ကျေးလက် ကျန်းမာရေးဌာန (၃) ခုကို ဖွင့်လှစ်၍ ရှမ်းပြည်မှ ထွက်ပြေး ပြောင်းရွှေ့လာရသူများ၊ နေရာမဲ့ ရှမ်းပြည်သူ၊ ပြည်သားများအား ကျန်းမာရေး ပြုစု စောင့်ရှောက်ခြင်း။
• နယ်စပ်ရှိ ရှမ်းရပ်ရွာလူမှု အဖွဲ့အစည်းများ အတွက် အခြေခံကျန်းမာရေး စောင့်ရှောက်ခြင်း နှင့် မိခင်နှင့်ကလေးများအား စောင့်ရှောက်ခြင်းလုပ်ငန်းများ လုပ်ဆောင်ခြင်း ။
• ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် ရောဂါကာကွယ်နည်းများ၊ ပညာပေးအစီအစဉ်များ ဆောင်ရွက်ခြင်း၊ အထူးသဖြင့် မျိုးပွားသားဖွားကျန်းမာရေး၊ ကိုယ်ခံအားကျဆင်းခြင်း ရောဂါ (HIV/ AIDS) များဆိုင်ရာ နယ်လှည့် ပညာပေးအစီအစဉ်နှင့် အခြေခံ လိုအပ်ချက်များကို ဆောင်ရွက်ခြင်း။
၃။ အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းစဉ်
• အမျိုးသမီးများအတွက် ခေါင်းဆောင်မှုဆိုင်ရာသင်တန်း၊ လိင်ကွဲပြားမှု (Gender) ဆိုင်ရာသင်တန်း၊ မှတ်တမ်းတင် သုတေသနပြုခြင်းသင်တန်း၊ အခြေခံလူ့အခွင့်အရေး ဆိုင်ရာသင်တန်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အကြောင်းဆိုင်ရာ သင်တန်းများ ပို့ချခြင်း။
• ရှမ်းပြည်နယ်စပ်နှင့် ပြည်တွင်းရှိ ရပ်ရွာလူထု အခြေပြုအဖွဲ့အစည်းများ၏ လုပ်ငန်း အစီအစဉ်များတွင် လုပ်ငန်းဆောင်ရွက်နိုင်သူ များပြားလာရေးအတွက် အလုပ်သင်- လေ့ကျင့်ခြင်း ဆိုင်ရာ တနှစ်ကြာ လုပ်ငန်းစီမံချက်အားဖြင့် ရှမ်းအမျိုးသမီးငယ်များအား စွမ်းရည်မြှင့်တင်ပေးခြင်း။
• ထိုင်း-ရှမ်းပြည် နယ်စပ်တလျှောက်ရှိ ဒေသ (၆) ခုတွင် "အမျိုးသမီးများတွေ့ဆုံနှီးနှော ဖလှယ်ပွဲ" များပြုလုပ်ပေးခြင်း၊ ထောက်ပံ့ပေးခြင်း။
၎။ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းတင် လုပ်ငန်းစဉ်
• လိင်ကွဲပြားမှု၊ အမျိုးသမီးနှင့် လူ့အခွင့်အရေးဆိုင်ရာအသိပညာပေးသတင်းစာစောင် များ၊ ပိုစတာများနှင့် လက်ကမ်းစာစောင်များကို ရှမ်းဘာသာ၊ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ များဖြင့် ထုတ်ဝေဖြန့်ဖြူးခြင်း။
• အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို သုတေသနပြု မှတ်တမ်းတင်ခြင်း။
• ထိုင်းနိုင်ငံနှင့် ရှမ်းပြည်အတွင်းရှိ အမျိုးသမီးများ၏ အခြေအနေကို မှတ်တမ်းတင် ပုံနှိပ် ထုတ်ဝေခြင်း။
၅။ အကျပ်အတည်းဖြစ်နေသူ အမျိုးသမီးများအားကူညီအားပေးရေးလုပ်ငန်းစဉ်
• အကျပ်အတည်းတွေ့၊ ဒုက္ခရောက်နေသည့် အမျိုးသမီးများအတွက် ကူညီပံ့ပိုးရေး ဌာန (၂) ခု ဖွင့်လှစ်၍ ကူညီခြင်း။
• အကြမ်းဖက်မှုနှင့် လိင်မှုဆိုင်ရာ အနိုင်ကျင့်ခြင်းကို ကြုံတွေ့လာရသူ အမျိုးသမီးများအား အရေးပေါ် အကူအညီများ ထောက်ပံ့ပေးခြင်း (ကျန်းမာရေး ၀န်ဆောင်မှုများ ရရှိ အောင်လုပ်ဆောင်ပေးခြင်း၊ အ၀တ်အထည် ၊ ခေတ္တခိုလှုံရာနေရာနှင့် အစားအစာများကို ထောက်ပံ့ပေးခြင်း)။
• အခြေအနေဆိုးရွားသည့် ကိစ္စများအား၊ လိုအပ်သည့်အကူအညီရယူနိုင်သည့် နေရာများ၊ ကုသနိုင်သော အခြားနေရာများသို့ ပို့ပေးခြင်း၊ ရောက်ရှိအောင် ကူညီပံ့ပိုပေးခြင်း။
• လက်မှုလုပ်ငန်းများ၊ အခြေခံသက်မွေးမှုဆိုင်ရာ သင်တန်းများပေးခြင်း။
၆။ ၀င်ငွေတိုးပွားရေးလုပ်ငန်းစဉ်
• ရှမ်းပြည်မှ အရုပ်ကလေးများစာအုပ် ထုတ်လုပ်ရောင်းချခြင်း။
• ညီလာခံအိတ်များကို အော်ဒါလက်ခံ၍ ထုတ်လုပ်ပေးခြင်း။
• ရှမ်းရိုးရာအထည်များ၊ အ၀တ်အစားများ ထုတ်လုပ်ခြင်း၊ ရှမ်းဝတ်စုံများချုပ်လုပ် ရောင်းချခြင်း။
|