သတင်းထုတ်ပြန်ချက် - ရှမ်းပြည်မြစ်ချောင်းများအတွက်လှုပ်ရှားမှု

Posted in Press Releases

၂၀၁၅ သြဂုတ်လ ၂၅ ရက်

သံလွင်ရေကာတာများလက်မခံကြောင်း ရှမ်းပြည်သူလူထု ( ၂၃၇၁၇ ) ဦး လက်မှတ်ရေးထိုးပြီး ရန်ကုန်အခြေစိုက် သြစတြေးလျကောင်စစ်ဝင်ရုံးသို့ ပေးပို့ခြင်း။

stop damming on salween river 1

သံလွင်မြစ်ပေါ်တွင်တည်ဆောက်မည့် ရေကာတာများ လက်မခံကြောင်း နှင့် သံလွင်ရေကာတာများ ဆန့်ကျင် ကြောင်း ရှမ်းပြည်သူလူထုများ (၂၃၇၁၇) ဦး စုပေါင်းလက်မှတ်ရေးထိုး၍ ယနေ့ ရှမ်းလူထု ကိုယ်စားလှယ်များက ရန်ကုန်အခြေစိုက် SMEC သြစတြေးလျကုမ္ပဏီထံ ပေးပို့ကြသည်။

ရှမ်းပြည်သူလူထုများ သံလွင်ရေကာတာ ဆန့်ကျင်လက်မှတ်ရေးထိုးရသည့်အကြောင်းမှာ နေပြည်တော်က သံလွင်ရေကာတာများတည်ဆောက်ပြီး နိုင်ငံရပ်ခြားသို့လျှပ်စစ်ပေးပို့သွားမည်ဖြစ်သောကြောင့်ရှမ်းပြည်တွင်းမှ ပြည်သူလူထုများက သံလွင်ရေကာတာဆန့်ကျင်သူလက်မှတ်အား စုပေါင်းကောက်ယူပြီး သံလွင်ရေကာတာ လက်မခံကြောင်းပြသရခြင်းဖြစ်သည်။ များသောအားဖြင့် လက်မှတ်ရေးထိုးသူများမှာ သံလွင်မြစ်နှင့် ဆက်စပ် နေထိုင်သူများဖြစ်ကြသည်။

မတ်(ချ်)လ ၂၀၁၅ ကစပြီး အရှေ့တောင်အာရှတွင် အကြီးဆုံးရေကာတာဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းတုံရေကာတာတည်ဆောက်ရန်အတွက် SMEC သြစတြေးလျကုမ္ပဏီမှ သဘာဝပတ်ဝန်းကျင် နှင့် လူမှုအသိုင်းအဝိုင်းများထိခိုက်မှု စစ်တမ်းကောက်ယူခြင်း ပြုလုပ်ခဲ့သည်။ မိုင်းတုံရေကာတာအမြင့်မှာ ၂၄၁ မီတာ ရှည်ပြီး ရေမြှပ်ဧရိယာအကျယ်အဝန်းမှာ ၆၄၀ စတုရန်းကီလိုမီတာ ရှိကာ စင်္ကာပူနိုင်ငံနီးပါး ဖြစ်သည်။

EIA/SIA ကောက်ယူခြင်းကို ယခုနှစ်အတွင်းအပြီးသတ်မည်ဖြစ်သော်လည်း ဒေသတွင်းစစ်တမ်းကောက်ယူ ရာတွင် ထိခိုက်ခံရမည့်မြို့ပြကျေးရွာနေ ဒေသခံများက SMEC သြစတြေးလျကုမ္ပဏီကို ဝိုင်းဝန်းပိတ်ပင် ဆန့်ကျင်ကြသည်။ ထိုမြို့နယ်များအတွင်းမှ ကွန်ဟိန်းမြို့နယ် (၀ါ) ကျွန်းတထောင်မြို့နယ်သည် နမ့်ပန်မြစ် သံလွင်မြစ်လက်တက်ပေါ်တွင်ရှိပြီး ရေကာတာရေလှောင်ကန်ကြောင့် ရေမြှပ်မည့်မြို့နယ်ဖြစ်သည်။

ဓါတ်အားအများဆုံးကို တရုတ် နှင့် ထိုင်း သို့သွယ်ပို့မည်ဖြစ်သော်လည်း SMEC သြစတြေးလျကုမ္ပဏီက လူထုများအားအမှန်အတိုင်းမပြောသည့်အပြင် လူထုများနှင့်တွေ့ဆုံဆွေးနွေးပွဲတွင် ရေကာတာကြောင့် ထိခိုက်နိုင်သည်များကိုပင် ပွင့်လင်းစွာမပြောပြပေ။ ၄င်းတို့ပြောသည်မှာ ဒေသခံများလျှပ်စစ်မီးအပြည့်အဝ ရမည်ဟုသာကတိပေးလိမ့်မည်ပြောကြားခဲ့သည်။ ထို့ကြောင့် လူထုတွေ့ဆုံပွဲတိုင်း လူထုအမြောက်အများ ၀ုိင်းဝန်းဆန့်ကျင်ခြင်းခံရသဖြင့် SMEC ကုမ္ပဏီက လူထုအပေါ်မကျေမနပ်ဖြစ်နေသည်။

“သံလွင်မြစ်ဟာ မြန်မာနိုင်ငံထဲမှာနေထိုင်နေတဲ့ လူဦးရေသန်းချီတို့ရဲ့ အသက်သွေးကြောများဖြစ်တယ် ကျွနု်ပ်တို့ ရဲ့အသက်သွေးကြောတွေကို နေပြည်တော်ကနိုင်ငံရပ်ခြားကုမ္ပဏီများထံ ရောင်းချပေးဖို့မသင့်ဘူး” ဟု ကွန်ဟိန်းဒေသခံ နန်းခမ်းနောင့်က ပြောဆိုပါသည်။

နေပြည်တော်ကအမိန့်ချမှတ်သော်လည်း SMEC ကုမ္ပဏီကို “၀” တပ်အာဏာပိုင်များက ၄င်းတို့ဝဒေသတွင်း EIA/SIA အချက်အလက်ကောက်ယူခွင့်မပြုခဲ့ပေ။ ဤသို့ဖြစ်ရခြင်းမှာ စစ်ပဋိပက္ခဖြစ်ပွားရာနယ်မြေအတွင်း ရေကာတာမတည်ဆောက်သင့်ကြောင်း မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သံလွင်မြစ်ချောင်းစီးဆင်းရာလမ်းတလျှောက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အမြောက်အများ ရှိနေခြင်းကြောင့်ဖြစ်သည်။

မိုင်းတုံရေကာတာပူပေါင်းတည်ဆောက်မည့် ကုမ္ပဏီများမှာ တရုတ်တရီးဂျော်ဂျီကော်ပိုရေးရှင်း China’s Three Gorges Corporation, ထိုင်းအီးကတ် the Electricity Generating Authority of Thailand, and မြန်မာ့လျှပ်စစ်ဓါတ်အားဌာန နှင့် အိုင်ဂျီအီးစီ International Group of Entrepreneurs တို့ဖြစ်ကြသည်။ မိုင်းတုံရေကာတာမှ လျှပ်စစ်ဓါတ်အား ရ၀၀၀ မီကာဝပ် ထွက်မည်ဖြစ်ပြီး ဓါတ်အား၏ ၉၀% ရာခိုင်နှုန်းမှာ တရုတ် နှင့် ထိုင်းနိုင်ငံသို့ သွယ်ပို့အသုံးပြုမည်ဖြစ်သည်။

အသေးစိတ်အချက်အလက်ထပ်မံသိရှိလိုပါက အောက်ပါလိပ်စာအတိုင်းဆက်သွယ်မေးမြန်းနိုင်ပါသည် -

နန်းခမ်းမိုင် (+95) 09260185001
နန်းခမ်းနောင့် (+95) 09428367849
နန်းခမ်းယိင်းနောင့် (+95) 09403717870
နန်းယိင်းဟန်ဖ (+66) 0892627848
စိုင်းခေးဆိုင် (+66) 0816722031 & (+95) 0931068530
စိုင်းဟော်ရှဲန် (+66) 0629419600

stop damming on salween river 2

stop damming on salween river 3

Mong Khur people opposing the Salween Dam 4

KyawkMe people opposing the Salween Dam 5

KarLi KunHing people opposing the Salween Dam 6